မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

(၁၀-၁၃၊ ၇၊ ၂၀၁၉။ Wyndham Hotel)

DIPD နှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းစီစဉ်သည့် “မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ၂၀၁၉၊ ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၀ ခန့်မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရာ၌ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အုပ်စုခွဲ၍ လက်တွေ့လေ့ကျင့် လုပ်ဆောင်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”630″ display=”basic_thumbnail”]