မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းသင်တန်း

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ဒီဇင်ဘာ ၉ – ၁၂။ မုံရွာ။

DIPD က စီစဉ်ကျင်းပသည့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များအား စီမံခန့်ခွဲခြင်းသင်တန်းကို ၂၀၁၉၊ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ မုံရွာမြို့ Glorious Monywa Hotel ၌ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် ပါတီတွင်းရှိ အမျိုးသမီးများ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်နိုင်ရန်နှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များတွင် ထိရောက်စွာစီမံခန့်ခွဲနိုင်ရေးကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
၎င်းသင်တန်းတွင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှလည်း မြင်းခြံနှင့် ယင်းမာပင်မြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”743″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]