မန္တလေးမြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ ပါတီစုံဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာအင်စတီကျု၏ မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်မှ စီစဉ်ကျင်းပသော မန္တလေးမြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲဆိုင်ရာ ပါတီစုံဆွေးနွေးပွဲကို ၂၀၁၆၊ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၉းဝဝ နာရီမှ ညနေ ၄း၃ဝ နာရီထိ မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ Wilson Hotel တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ မန္တလေးမြို့ စည်ပင် သာယာရေးကော်မတီ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများအကြား ချိတ်ဆက်ဆွေးနွေးနိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုသန့်စင်(ဗဟိုစည်းရုံးရေးကော်မတီ)၊ ကိုအောင်ရှမ်း(မြို့နယ်စည်းရုံးရေးကော်မတီ)၊ မညို(လူ့ဘောင်သစ်လူငယ်)တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။