မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်ကို DPNS မှ ငွေလှူဒါန်း

ပါတီလှုပ်ရှားမှုများ

၂၉-၆-၂၀၁၇ ရက်နေ့မှ စတင်ဆင်နွှဲလျက်ရှိသည့် မန္တလေးတိုင်း တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ငွေကျပ်တစ်သိန်းလည်း ပေးပို့လှူဒါန်းခဲ့ပါသည်။ ၎င်းအလှူငွေနှင့် ကြေညာချက်တို့အား ၁၃-၇-၂၀၁၇ ရက်နေ့ ညဦးပိုင်းတွင် အောင်မြေသာဇံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သွားရောက်ပေးပို့ လှူဒါန်းခဲ့ပါသည်။ တောင်သူလယ်သမားသမဂ္ဂပေါင်းစုံသပိတ်၏ အဓိကလိုလားချက်များမှာ သဏ္ဌာန်ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေးခံနေရသော တောင်သူလယ်သမားများကို အမှုများပိတ်သိမ်း လွှတ်ပေးရေးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တွေ့ဆုံဆွေးနွေး ညှိနှိုင်းခွင့်ရရေးတို့ ဖြစ်ပါသည်။

[ngg_images source=”galleries” container_ids=”230″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]