မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၁၂ ရက်နေ့တွင် Hilton Mandalay ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲကော်မရှင်၊ DIPD နှင့် EU တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပထမအကြိမ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးသန့်စင်နှင့် မန္တလေးတိုင်း စည်းရုံးရေးကော်မတီဝင် ဦးဇော်ဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”604″ display=”basic_thumbnail”]