မန္တလေးတိုင်းဒေသကြီး၊ ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ပထမနေ့

ပါတီလှုပ်ရှားမှုများ

ငြိမ်းဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် ကျင်းပသော မန္တလေးတိုင်းဒေသကြီး၊ ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ ပထမနေ့ကို ၅- ၁၂- ၁၆ ရက်နေ့က မန္တလေးမြို့ရှိ Hotel Iceland တွင် ပြုလုပ်ခဲ့ပါသည်။ ထိုနှီးနှောဖလှယ်ပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်ဒေါ်မေဖြူဆွေ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီဝင် ဦးဇော်ဝင်း၊ ဦးသန်းထွန်းအောင် နှင့် တံတားဦး၊ ဆားလင်းကြီး၊ ယင်းမာပင်မြို့နယ်တို့မှ DPNS ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။