မကဒတ ကျောင်းသားတပ်မတော် (ABSDF)  ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

၂၃၊ ၅၊ ၂၀၁၆ ရက်နေ့တွင် ပါတီဋ္ဌာနချုပ်ရုံးတွင် မကဒတ ကျောင်းသားတပ်မတော် (ABSDF)  ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် ပါတီမှ တာဝန်ရှိသူများ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက ABSDF ၏ ရပ်တည်ချက်၊ NCA လက်မှတ်ထိုးထားသည့် (၈) ဖွဲ့ ၏ ရပ်တည်ချက်နှင့် ဆောင်ရွက်နေပုံများ၊ NCA လက်မှတ်မထိုးရသေးသော အဖွဲ့အစည်းများနှင့် ၎င်း (၈) ဖွဲ့တို့၏ ဆွေးနွေးထားမှုများ၊ (၈) ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု အခြေအနေများကို ဖလှယ်ပေး၍ ရသည်များကို ဖလှယ်ပေးခြင်းဖြစ်ပါသည်။

ပါတီဖက်မှလည်း လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ရှေ့အလားအလာအပေါ်  ပါတီ၏အမြင်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။