ဘားအံမြို့နယ် စည်းရုံးရေးကော်မတီနှင့် ဋ္ဌာနချုပ်ရဲဘော်များ တွေ့ဆုံ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဗဟိုစည်းရုံရေးကော်မတီဝင် ဦးတိုးတိုးထွန်းတို့သည် ဘားအံမြို့နယ်စည်းရုံးရေးကော်မတီနှင့် ၁၄- ၃- ၁၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။

ဘားအံတွေ့ဆုံမှုတွင် ဗဟိုစည်းရုံရေးကော်မတီဝင် ဦးမင်းနိုင်၊ ဘားအံမြို့နယ် စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင် အပါအဝင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များက ဘာအံမြို့နယ်စည်းရုံးရေးအခြေအနေများ၊ ကရင်ပြည်နယ်အတွင်း အခြားမြို့နယ်များ၏ စည်းရုံးရေးအခြေအနေများကို တင်ပြကြသည်။ ဖမ်းဆီးထိမ်းသိမ်းခံထားရသော ရဲဘော်ဇော်ရဲထက်၏ အမှုဖြစ်စဉ်များနှင့် အခြေအနေတို့ကိုလည်း တင်ပြကြပါသည်။

ပါတီဥက္ကဋ္ဌနှင့် ဦးတိုးတိုးထွန်းတို့ကလည်း လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခြေအနေများ၊ ပါတီမှ ထိုအခြေအနေသစ်များအပေါ် ထားရှိသည့် သဘောထားများ၊ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ပြင်ဆင်ထားသင့်သည်များကို ဆွေးနွေးခဲ့ကြသည်။