ဘာသာပေါင်းစုံစတုဒီသာအလှူနှင့် စုပေါင်းဝါဖြေပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ဘာသာပေါင်းစုံစတုဒီသာအလှူနှင့် စုပေါင်းဝါဖြေပွဲ ပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲသို့ ဘာသာကြီးလေးရပ်မှ ဆရာတော် သံဃာတော်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သတင်းမီဒီယာသမားများ၊ ဘာသာအသီးသီး လူထုလူတန်းစား အလွှာအသီးသီးမှပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့တော်ဝန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ စုံစုံညီညီ လာရောက်ခဲ့ကြပါသည်။ ၎င်းဝါဖြေပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်ခေါင်းဆောင်များလည်း ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”593″ display=”basic_thumbnail”]