ဗိုလ်မှူးကြီးစောလွင် (တွဲဘက်အတွင်းရေးမှူး-၁၊KNLP)၏ ဈာပနအခမ်းအနား

ပါတီလှုပ်ရှားမှုများ

ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး – ၁ ဗိုလ်မှူးကြီးစောလွင်(ခ) ဦးဌေးအောင်(၆၄ နှစ်)၏ ဈာပနအခမ်းအနားကို ၂၆-၄-၁၇ ရက်နေ့ ညနေ ၄:ဝ၀ နာရီတွင် သန်လျင်မြို့ အစ္စလာမ်သုသာန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဈာပနအခမ်းအနားသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင်ပါတီများ၊ ဗကသများအဖွဲ့ချုပ်၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ NNER၊ ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းမျိုးဆက်သစ်လူငယ်များ အစည်းအရုံး၊ မကဒတရဲဘော်ဟောင်းများနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ တက်ရောက်ခဲ့ကြပါသည်။