ဗိုလ်မှူးကြီးစောလွင်၏ ဈာပနအခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစောလွင်(ခ)ဦးဌေးအောင် (၆၄ နှစ်)၏ ဈာပနအခမ်းအနားကို ၂၈- ၄- ၁၇ ရက်နေ့ နံနက် ၇းဝ၀ နာရီအချိန်တွင် ကယန်းပြည်သစ်ပါတီ ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူးရှိ ကယန်းအမျိုးသားအာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုးနိုင် နှင့် ဗိုလ်မှူးကြီးစောလွင်၏ သားအကြီးဖြစ်သူ ကိုထွန်းသူအောင်တို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် ဝမ်းနည်းကြောင်းသဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ ထို့နောက် ကယန်းပြည်သစ်တပ်မတော် ဂုဏ်ပြုတပ်ခွဲက သေနတ်ပစ်ဖောက်ဂုဏ်ပြု၍ ရုပ်ကြွင်းအိုးကို အခမ်းအနားဖြင့် ဂူသွင်း မြှုပ်နှံခဲ့ပါသည်။