ဗိုလ်မှူးကြီးစောလွင်ကျဆုံးခြင်း ၆ လပြည့် အမှတ်တရအခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစောလွင်(ခ)ဦးဌေးအောင် ကျဆုံးခြင်း ၆ လပြည့် အမှတ်တရအခမ်းအနားကို ၂၀၁၇ အောက်တိုဘာ ၂၅ ရက် နေ့လည်၁းဝ၀ နာရီမှ ညနေ ၄းဝ၀ နာရီအထိ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဉာဏ်လင်းသစ်သုတေသနစာကြည့်တိုက်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သားဖြစ်သူ ကိုထွန်းသူအောင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးခင်ဝင်း ကယန်းပြည်သစ်ပါတီဗဟိုကော်မတီဝင် ဦးစိုးနိုင်သန်းတို့က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပါသည်။ ဗိုလ်မှူးကြီးစောလွင်ဈာပနအား ရိုက်ကူးထားသည့် “အမှောင်ထုကိုအံတုရဲတဲ့ အလင်းတစ်ပွင့်” မှတ်တမ်းခွေ ရိုက်ကူးမှုနှင့်ပတ်သက်၍ သားကြီးမောင်ဇေယျနှင့် ကိုဉာဏ်ကြီးတို့က အမှတ်တရ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ ဗိုလ်မှူးကြီးစောလွင်၏ မိသားစုဝင်များ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး လူ့ဘောင်သစ်လူငယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”273″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]