ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၄/၂၀၁၉)ကို ၂၀၁၉ ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၄/၂၀၁၉)ကို ၂၀၁၉၊ ဧပြီ၊ ၂၈ ရက်နေ့တွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အတွင်းရေးမှူးအဖွဲ့၏ လက်ရှိနိုင်ငံရေးအခြေအနေ သုံးသပ်တင်ပြချက်အပေါ် ကျန်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ သင်တန်းများနှင့် စည်းရုံးရေးခရီးစဉ်များ၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရပြောင်းလဲရေးနှင့် လုပ်ငန်းစဉ်များဆွေးနွေးပွဲအတွက် ပြင်ဆင်ထားရှိမှုများ အစရှိသည့် လတ်တလောဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

[ngg src=”galleries” ids=”566″ display=”basic_thumbnail”]