ဗဟိုစည်းကော်မတီနှင့် ရေကြည်မြို့နယ်စည်းကော်မတီ အစည်းအဝေးကျင်းပ

ပါတီလှုပ်ရှားမှုများ

 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဦးဆောင်သည့် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်စည်းရုံးရေးကော်မတီရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဦးအောင်မိုးဇော်နှင့် ဦးတိုးတိုးထွန်းတို့က ပါတီမူဝါဒနှင့် ဖွဲ့စည်းပုံ၊ ၂၀၁၈ အတွင်း လုပ်ငန်းလျာထားချက်များနှင့် လတ်တလောနိုင်ငံရေးအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီမိတ်ဆက်နှင့် ရှေ့လုပ်ငန်းစဉ်ကို မသက်ဇွန်လင်းထင်ကလည်းကောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်းကို မစိမ့်အိစံကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရေကြည်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစောအောင်နှင့် ကော်မတီဝင်များက ဒေသအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”360″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]