ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်နှင့် တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီသစ်၏ အတွင်းရေးမှူးအဖွဲ့ဝင်များသည် ၁၃-၁၂-၁၆ ရက်နေ့လည်ပိုင်းက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုဦးဆောင်ကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဗကသများအဖွဲ့ချုပ်၏ မူဝါဒ ၅ ချက်ကို အခြေခံ၍ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ဗကသ CWC များက ရှင်းလင်းပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူများကလည်း ဗကသ CWC အသစ်ကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆိုပါကြောင်း၊ မျိုးဆက်အရ ကွာဟမှုရှိနိုင်သော်လည်း သမိုင်းပေးတာဝန်များကို အတူတကွ ထမ်းရွက်ကြရမည်ဖြစ်ကြောင်း၊ ကြမ်းတမ်းသောခေတ်ကို ပြောင်းလဲရာတွင် လက်တွဲလုပ်ဆောင်သင့်သော ကိစ္စရပ်များကို လက်တွဲလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တန်းတူရည်တူ သဘောထားကြောင်းတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။