ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်ပြည့် အခမ်းအနားတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၃ နှစ်ပြည့် အခမ်းအနားနှင့် မျိုးဆက်အသီးသီးတွေ့ဆုံပွဲကို ၂၀၁၉၊ မေလ၊ ၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနာတွင် ၁၉၆၂၊ ၁၉၇၄-၇၅၊ ၁၉၈၈၊ ၁၉၉၆ ကျောင်းသားသမဂ္ဂမျိုးဆက်များက ၎င်းတို့၏ သဘောထားအမြင်များကို တင်ပြခဲ့ကြပါသည်။ DPNS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်းကလည်း ၁၉၇၄-၇၅ ကျောင်းသားများကိုယ်စား တခုတည်းသော ဗကသများအဖွဲ့ချုပ် ဖြစ်ထွန်းပေါ်ပေါက်ရေး သဘောထားအမြင်နှင့် လုပ်ဆောင်သင့်သည်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

[ngg src=”galleries” ids=”575″ display=”basic_thumbnail”]