ဖုယွင်အထည်ချုပ်အလုပ်သမားသမဂ္ဂ သပိတ်တိုက်ပွဲသို့ အလှူငွေပေးအပ်လှူဒါန်း

ပါတီလှုပ်ရှားမှုများ

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ဖုယွင်အထည်ချုပ်အလုပ်သမားသမဂ္ဂ စတင်ထူထောင်သူ အယောက် (၃၀) အား လုပ်ငန်းရှင်မှ အကြောင်းမဲ့ အလုပ်မှ ထုတ်ပယ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက မိမိတို့အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား အလုပ်ပြန်လည်ခန့်အပ်ပေးရေးအပါအဝင် တောင်းဆိုချက် ၉ ချက်ဖြင့် ၂၀၁၈၊ သြဂုတ်လ၊ ၂၁ ရက်နေ့မှစတင်၍ သပိတ်မှောက်တောင်းဆိုခဲ့ကြပါသည်။ ယနေ့အချိန်ထိ အလုပ်ရှင်နှင့် ညှိနှိုင်းပြေလည်မှု မရှိသေးပါ။ သပိတ်မှောက်အလုပ်သမားများ လိုအပ်သည့်နေရာတွင် သုံးစွဲနိုင်ရေးအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် လူ့ဘောင်သစ်လူငယ်တို့က အလှူငွေ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ပါသည်။