ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမားသပိတ်သို့ သွားရောက်ဝန်းရံ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်တို့မှ တာဝန်ရှိသူများ သွားရောက်ဝန်းရံ အားပေးခဲ့ကြပါသည်။ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ၃၀ ဦးအား အကြောင်းပြချက်ခိုင်လုံခြင်းမရှိဘဲ ဥပဒေနှင့်ဆန့်ကျင်၍ အလုပ်ထုတ်ပစ်ခဲ့သည့်အတွက် အလုပ်သမား ၂၀ဝ ကျော်က သပိတ်မှောက်နေကြခြင်းဖြစ်သည်။ ယနေ့ (၂၀၁၈၊ သြဂုတ်လ ၂၈ ရက်နေ့)တွင် သပိတ်မှောက်နေသည်မှာ ၈ ရက်မြောက်ရှိပြီဖြစ်သည်။ အလုပ်သမားများအနေဖြင့် အလုပ်ရပ်စဲသည့် ကြေညာစာကို ပြန်လည်ရုပ်သိမ်းရန် အပါအဝင် အချက် ၉ ချက် တောင်းဆိုထားပြီး အလုပ်ရှင်ဘက်မှ ပြေလည်အောင် ညှိနှိုင်းပေးခြင်းမရှိဘဲဖြစ်နေကြောင်း သိရပါသည်။

[ngg_images source=”galleries” container_ids=”467″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]