ဖယ်ဒရယ်စနစ်နှင့် ကိုက်ညီသော ပညာရေးစနစ်ဖြစ်ပေါ်လာရေး ဆွေးနွေး

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) နှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့၏ တွေ့ဆုံသည့်ပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရုံး၌ ၉-၃-၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပါတီမှ ဒေါ်နှင်းနှင်းမွှေးတက်ရောက်ခဲ့ပါသည်။ပါတီသည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)ကို စတင်တည်ထောင်စဉ်မှပင် ယနေ့ထိတိုင် အဖွဲ့ဝင်အဖွဲ့အစည်းတရပ်အနေနှင့် အမျိုးသားပညာရေးမူဝါဒနှင့် အမျိုးသားပညာရေးဥပဒေတရပ် ပေါ်ပေါက်လာရေးအတွက် အားစိုက် ဆောင်ရွက်ခဲ့ပါသည်။

ယခုတွေ့ဆုံပွဲတွင် ဖယ်ဒရယ်စနစ်နှင့် ကိုက်ညီသော ပညာရေးစနစ်ဖြစ်ပေါ်လာရေး၊ ကျောင်းများ၏ စီမံခန့်ခွဲပိုင်ခွင့်နှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးစသည့်ကိစ္စရပ်များကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါသည်။