ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း (၉) နှစ်ပြည့်အခမ်းအနားကျင်းပ

ပါတီလှုပ်ရှားမှုများ

KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း ၉ နှစ်မြောက် နှစ်လည်အောက်မေ့ဖွယ်အခမ်းအနားနှင့် ကြေးရုပ်တုဖွင့်ပွဲကို ဖဒိုမန်းရှာ၏ဇာတိ ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာ ကြေးရုပ်တုကို ဒေသခံဆရာတော်များ၊ ကရင်အမျိုးသားနိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံကရင်အမျိုးသားများက ဖွင့်လှစ်ပေးခဲ့ပြီး ဖဒိုမန်းရှာ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့သည်။ အခမ်းအနားကို ဖန်းဖောင်ဒေးရှင်း၏ ဆုပေးပွဲနှင့် တွဲဖက်ပြုလုပ်ခဲ့ပြီး ဆရာတော် သံဃာတော်များ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ တက်ကြွလှုပ်ရှားသူများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်အမျိုးသားများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ပဒိုမန်းရှာ၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များမှ အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။ ဖဒိုမန်းရှာ၏ အကိုဖြစ်သူ မန်းတင်ရွှေက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။