ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ ချောင်းသာမြို့နယ်တွင် ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ နိုဝင်ဘာ ၈-၉။ ချောင်းသာ။

ဖက်ဒရယ်အခြေခံသဘောတရား ဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ချောင်းသာမြို့၌ ပြုလုပ်ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ချောင်းသာမြို့မှ ဖက်ဒရယ်အရေး စိတ်ပါဝင်စားသူများ၊ DPNS ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် FTT ဆရာများက ဖက်ဒရယ်စနစ်၏ အခြေခံများ၊ ဖက်ဒရယ်စနစ်နှင့် အခြေခံဥပဒေ၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲခြင်း၊ လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ဖက်ဒရယ်စနစ်တွင် ဘဏ္ဍာငွေကြေး ခွဲဝေမှုခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”726″ display=”basic_thumbnail”]