ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲကို မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာတွင် ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြင်းခြံမြို့နယ်ကော်မတီနှင့် FTT တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်အခြေခံသဘောတရားဆွေးနွေးပွဲ မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာ၌ ဇွန် ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သင်တန်းဆရာများက ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မတူကွဲပြားမှုများအပေါ် စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာများခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၏ အရေးပါမှု၊ ဘဏ္ဍာငွေကြေးနှင့် သယံဇာတများ စီမံခန့်ခွဲခြင်း ခေါင်းစဉ်များဖြင့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ DPNS ရဲဘော်များ၊ YNS ရဲဘော်များ၊ မြင်းခြံခရိုင်ဗကသ ရဲဘော်များ၊ ဒေသခံ လယ်သမားများ စုစုပေါင်း ၁၀ဝ ကျော် ဆွေးနွေးပွဲတက်ရောက်၍ စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”605″ display=”basic_thumbnail”]