ဖက်ဒရယ်သဘောတရားနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

ပါတီလှုပ်ရှားမှုများ

ဖက်ဒရယ်သဘောတရားနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

Comreg နှင့် EBO Myanmar တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဖက်ဒရယ်သဘောတရားနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့၊ Orchid Hotel ၌ ၂၀၁၆၊ ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ သုံးရက်ကြာပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲ ပထမနေ့တွင် အခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ၎င်းစနစ်တို့၏ အခွင့်အလမ်းများ၊ မတူကွဲပြားခြားနားခြင်းနှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်း ခေါင်းစဉ်သုံးခုဖြင့် ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေခြင်း၊ ဒေသန္တရအစိုးရ ခေါင်းစဉ်တို့ဖြင့် ဆရာခိုင်ကျော်မိုးကလည်းကောင်း၊ ပညာရေးမူဝါဒများကို နှိုင်းယှဉ်လေ့လာခြင်း ခေါင်းစဉ်ဖြင့် ဆရာဒေါက်တာသိန်းလွင်ကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတတိယနေ့တွင် သယံဇာတ ခွဲဝေသုံးစွဲခြင်းနှင့် ဖက်ဒရယ်စနစ်ခေါင်းစဉ်ကို ဆရာခိုင်ကျော်မိုးကလည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်စနစ်ခေါင်းစဉ်ကို ဆရာVictor Biak Lian ကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ တက္ကသိုလ်ဆရာ၊ဆရာမများအသင်း(UTA) အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပါတီမှ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။