ဖက်ဒရယ်ဆွေးနွေးပွဲ မြောင်းမြတွင် ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ နိုဝင်ဘာ ၁၅-၁၆။ မြောင်းမြ။

မြောင်းမြမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်သင်တန်းအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲကို မြောင်းမြလူငယ်ကွန်ရက်ရုံးခန်း၌ နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဖက်ဒရယ်ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းက ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဖက်ဒရယ်သင်တန်းဆရာများက ဖက်ဒရယ်ဆိုင်ရာသဘောတရားများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီဝင်များ၊ ဖက်ဒရယ်အရေးစိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”730″ display=”basic_thumbnail”]