ဖက်ဒရယ်စနစ်၏ အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲ အင်္ဂပူတွင် ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဖက်ဒရယ်စနစ်၏အခြေခံမူများ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ မတ်လ၊ ၁၆ နှင့် ၁၇ ရက်နေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၌ ပြုလုပ်ခဲ့ပါသည်။ FTT သင်တန်းဆရာများက လုပ်ပိုင်ခွင့်နှင့် အာဏာများကို ခွဲဝေခြင်း၊ ဒေသန္တရအစိုးရများ၊ ငွေကြေးနှင့် သယံဇာတများကို စီမံခန့်ခွဲခြင်းခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အင်္ဂပူမြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များ၊ မဟာမိတ်အင်အားစုများ စုစုပေါင်း ၅၀ ခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် အင်္ဂပူမြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပါတီကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ညနေပိုင်းတွင် ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းဦးဆောင်၍ အင်္ဂပူမြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များနှင့် ဒေသဆိုင်ရာ ပါတီတည်ဆောက်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”551″ display=”basic_slideshow”]