ပြောဆိုဆွေးနွေးခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


၂၀၁၉၊ ဇွန်လ၊ ၂၄-၂၇။ ရန်ကုန်

DIPD က စီစဉ်ကျင်းပသည့် ပြောဆိုဆွေးနွေးခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ ပါတီစုံအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့၊ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်နှစ်ဦးက ပါတီတွင်း သို့မဟုတ် ပါတီအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရေး၊ ပိုမိုကောင်းမွန်ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးတိုးတိုးထွန်း တက်ရောက် ဆွေးနွေးခဲ့ပါသည်။

[ngg src=”galleries” ids=”618″ display=”basic_thumbnail”]