ပြည်သူ့တိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူးဦးညိုဝင်း(ရွှေကျင်)၊ ကျဆုံးခြင်း ၂၇ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပြည်သူ့တိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးညိုဝင်း(ရွှေကျင်) အင်းစိန်အကျဉ်းထောင်တွင်းကျဆုံးခြင်း ၂၇ နှစ်ပြည့်အခမ်းအနားကို ကျန်ရစ်သူမိသားစုက ၂၀၁၈ မတ်လ ၈ ရက်နေ့တွင် တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးညိုဝင်း၏ဇနီး ဒေါ်စန်းပွင့် ပြည်သူ့တိုးတက်ရေးပါတီအတွင်းရေးမှူး ဦးလှရွှေ ကျွန်းပြန်ရဲဘော်ကြီး ဦးဖေအောင်နှင့် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂမှ ဆရာထက်မြက်တို့က အမှတ်တရစကား ပြောကြားခဲ့ကြပါသည်။အခမ်းအနားသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ မှိုင်းငြိမ်းကွန်ရက် ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူများ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးညိုဝင်းကိုချစ်ခင်လေးစားကြသူများ တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”366″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]