ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း (၂၄) နှစ်ပြည့် အခမ်းအနား

ပါတီလှုပ်ရှားမှုများ

“၁၆- ၂- ၂၀၁၇ တွင် ကျရောက်သည့် ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခြင်း (၂၄) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ – တောင်ဥက္ကလာပရှိ စိတ်တိုင်းကျ လ္ဘက်ရည်ဆိုင်တွင် ကျင်းပခဲ့ရာ ကျွန်းပြန်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့တိုးတက်ရေးပါတီရဲဘော်ကြီးများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄ – ၇၅ – ၇၆ နိုင်ငံရေးအင်အားစုများ၊ ဗကသရဲဘော်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စသည့် နိုင်ငံရေးအင်အားစုများမှ တက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။”