ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေး

ပါတီလှုပ်ရှားမှုများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးကို ၂၀၁၈ ဇွန်လ ၁၄ ရက်နေ့ နံနက် ၉းဝ၀ နာရီမှ နေ့လည် ၁းဝ၀ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီပေါင်း ၆၉ ပါတီမှ ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်၍ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကော်မရှင်၏သဘောထား၊ မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေများကို ပြောကြားတင်ပြခဲ့ပါသည်။ တက်ရောက်လာသည့် ပါတီကိုယ်စားလှယ်များကလည်း ရွေးကောက်ပွဲဆိုင်ရာ သဘောထားအမြင်များ အကြံပြုချက်များကို ပြန်လည်တင်ပြခဲ့ကြပါသည်။ ၎င်းအစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”432″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]