ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ဒီဇင်ဘာ ၇- ၈- ၉။ ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်။

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက်အဖွဲ့အစည်းများ၏ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ရွာငံမြို့နယ်၊ ဗထူးခန်းမတွင် ၂၀၁၉ ဒီဇင်ဘာ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၏ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာအခြေခံမူများ(မူကြမ်း)အား ရှင်းလင်းတင်ပြခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်း၏ ထွက်ပေါက်များ၊ အနာဂါတ်ပြည်ထောင်စုမြန်မာနိုင်ငံတွင်စံထားသင့်သည့် စံနှုန်းများနှင့် State Building and Nation Building အကြောင်းများအား ပညာရှင်အသီးသီးက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးနှင့် ဒေသခံပြည်သူ ၂၅၀ ခန့်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်၍ DPNS ၏ အခြေခံနိုင်ငံရေးအယူအဆနှင့် တန်ဖိုးထားမှုများတွင်ပါဝင်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာအမြင်များကို ဦးဆောင်ဆွေးနွေးပေးခဲ့ပါသည်။

ဓာတ်ပုံ – UNA page

[ngg src=”galleries” ids=”738″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]