“ပျိုမျစ်သူတို့နိုင်ငံတော်” နိုင်ငံရေးဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်လူငယ်(YNS)က စီစဉ်ကျင်းပသည့် “ပျိုမျစ်သူတို့နိုင်ငံတော်လူငယ်နှင့် နိုင်ငံရေး၊ နိုင်ငံရေးနှင့် လူငယ်” နိုင်ငံရေးဆွေးနွေးပွဲကို၂၅- ၂- ၁၇ ရက် နေ့လည်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်ရှိ သျှရီရာမခရစ်ရှနာခန်းမ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကိုရဲအောင်အေး (ဥက္ကဋ္ဌ-လူ့ဘောင်သစ်လူငယ်)က အဖွင့်စကားပြောကြားခဲ့ပြီး ကိုမိုးထက်နေ(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)၊
ကိုရဲဝင်း(NNER)၊ မအိသဉ္ဇာမောင်(လူ့ဘောင်သစ်လူငယ်)၊ ကိုကျော်ဇင်လင်း(ဗမာနိင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ၊စိတ်ပါဝင်စားသူများနှင့်သတင်းမီဒီယာများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။