ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၁၅/၁၂/၂၀၁၉။ ပေါက်ခေါင်းမြို့နယ်။
၂၀၁၉၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်ကြီးအနောက်ဘက်ခြမ်း ကင်မွန်းခြုံကျေးရွာအုပ်စု၊ သေမသောက်ကျေးရွာတွင် တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂစုစည်းရေးအဖွဲ့မှရဲဘော်များ၊ ပေါက်ခေါင်းမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲဘော်များ၊ ချောင်းကောင်း၊ သပြေတောင်၊ ကုန်းတန်း၊ သေမသောက်၊ ကင်မွန်းခြုံ၊ ဒွရွာတို့မှ တောင်သူလယ်သမားရဲဘော်များ စုစုပေါင်း (၃၀)ခန့် တက်ရောက်၍ ပေါက်ခေါင်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”747″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]