ပေါက်ခေါင်းမြို့နယ်၊ အောင်မြင်ကုန်းရွာ တောင်သူလယ်သမားသမဂ္ဂ ဖွဲ့စည်းရေး အစည်းအဝေး

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ နိုဝင်ဘာ ၁၇။ ပေါက်ခေါင်း။

ပေါက်ခေါင်းမြို့နယ်၊ ပေါင်းစပါးကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာ၌ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေးကို ၂၀၁၉၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဆွေးနွေးစည်းဝေးကြရာတွင် ဒေသခံ အရှိုချင်းတိုင်းရင်းသားလယ်သမားများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပေါက်ခေါင်းမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌနှင့် သမဂ္ဂဖွဲ့စည်းရေး တက်ကြွလှုပ်ရှားသူများက ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက မိမိတို့လူတန်းစားစုဖွဲ့မှုနှင့် လူတန်းစားအသိ၊ နိုင်ငံရေးအသိ မြှင့်တင်ရေးလုပ်ငန်းများကို စုစည်းလုပ်ဆောင်ကြရန် တက်ကြွစွာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”731″ display=”basic_thumbnail”]