?

ပုသိမ်မြို့ လူငယ်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ဟောပြောဆွေးနွေးပေးခဲ့

ပါတီလှုပ်ရှားမှုများ

ပုသိမ်မြို့ ကရုဏာစင်တာခန်းမ၌ ၂၉- ၉- ၂၀၁၆ ရက်နေ့က လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် လူငယ်များ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲကို လူငယ်အဝိုင်းအဝန်း (Youth Circle)က ကမကထပြုပြီး ပုသိမ်အခြေစိုက်လူငယ်အဖွဲ့အစည်းများ စုစည်း ပြုလုပ်ခြင်းကြခြင်း ဖြစ်ပါသည်။ လူငယ်ကွန်ရက်များမှ တာဝန်ရှိသူများ ၄၀ ခန့် တက်ရောက်ကြပြီး နံနက်ပိုင်းတွင် လက်ရှိနိုင်ငံရေးအခင်းအကျင်းအား လေ့လာခြင်းကို ပြုလုပ်ကြပြီး နေ့လည်ပိုင်း၌ လူငယ်များ၏ အခန်းကဏ္ဍအပိုင်းကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ဆွေးနွေးပေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပုသိမ်မြို့ရှိ နိုင်ငံရေးပါတီများကိုလည်းဖိတ်ကြားထားရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဧရာဝတီတိုင်းစည်းမှ ရဲဘော်များလည်း တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ဆွေသဟာအဖွဲ့မှ ကိုစိမ်းခက်စိုးက အကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးခဲ့ပြီး လူငယ်အဝိုင်း အဝန်း (Youth Circle)မှ ကိုစောထွန်းထွန်းက အဓိကအားဖြင့် ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။