????????????????????????????????????

ပါတီ တည်ထောင်ခြင်း ၂၉ နှစ်ပြည့်အထိမ်းအမှတ် “နိုင်ငံတကာနှင့် မြန်မာ့အရေး” နိုင်ငံရေးဟောပြောဆွေးနွေးပွဲ ကျင်းပ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၉ နှစ်ပြည့်အထိမ်းအမှတ် “နိုင်ငံတကာနှင့် မြန်မာ့အရေး” နိုင်ငံရေးဟောပြောဆွေးနွေးပွဲကို ၂၀၁၇ အောက်တိုဘာ ၁၄ ရက်နေ့လည် ၁းဝ၀ နာရီ က ပါတီဌာနချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ ဦးအောင်သူငြိမ်း၊ ဒေါက်တာရန်မျိုးသိမ်း၊ ဦးအောင်မိုးဇော်တို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ တက်ရောက်လာသူများကလည်း သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ပါတီမွေးနေ့အထိမ်းအမှတ် သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ DPNS ပါတီရဲဘော်များ လူ့ဘောင်သစ်လူငယ်များ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗကသများအဖွဲ့ချုပ် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ YES ကျောင်းသူကျောင်းသားများ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”271″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]