ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မြင့်ဇော်၏ ကျန်ရစ်သူမိသားစုများအား သွားရောက်တွေ့ဆုံ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များသည် ပါတီဥက္ကဋ္ဌဟောင်း ရဲဘော်မြင့်ဇော်(၁၉၆၄-၁၉၉၇)၏ ကျန်ရစ်သူမိသားစုအား ၂၀၁၉၊ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ခရမ်းမြို့နယ်ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း လာရောက်ခဲ့ကြပြီး ရဲဘော်မြင့်ဇော်ကျန်ရှိခဲ့သည့် အမှတ်တရပစ္စည်းများကို ရဲဘော်မြင့်ဇော်၏ ညီဖြစ်သူအား ပေးအပ်ခဲ့ပါသည်။

[ngg src=”galleries” ids=”534″ display=”basic_thumbnail”]