ပါတီမိတ်ဆက်ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရုံးခန်း၌ ပြုလုပ်

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီမိတ်ဆက်ဆွေးနွေးပွဲကို ၂၀၁၈ ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရုံးခန်း၌ ပြုလုပ်ခဲ့ရာ ပါတီဌာနချုပ်၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် အင်္ဂပူမြို့နယ်ရှိပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးတိုးတိုးထွန်းတို့က ပါတီမိတ်ဆက်၊ ပါတီသမိုင်းကြောင်း၊ ယခုနှစ်အတွင်းလုပ်ဆောင်မည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီ ဆက်သွယ်ရေးတာဝန်ခံ မသက်ဇွန်လင်းထင်က အမျိုးသမီးလုပ်ငန်းကော်မတီမိတ်ဆက်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရဗင်းလင်းတင်ပြခဲ့ပြီး လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံက လူငယ်မိတ်ဆက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်စည်းကော်မတီဝင်များက ၂၀၁၈ အတွင်း ဆောင်ရွက်ရန် ပြင်ဆင်ထားသည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ထို့နောက် ဌာနချုပ်နှင့်မြို့နယ်တို့အကြား ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”354″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]