ပါတီတွင်းအမျိုးသမီးများ၏ ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ဇွန်လ၊ ၂၅-၂၇။ ရန်ကုန်

DIPD က စီစဉ်ကျင်းပသည့် ပါတီတွင်းအမျိုးသမီးများ၏ ခေါင်းဆောင်မှုအရည်အသွေး မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉၊ ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့၊ Wyndham ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ ပညာရှင်နှစ်ဦးက ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများ၊ ပါတီတွင်း ကောင်းမွန်သော ဆက်ဆံမှု တည်ဆောက်ရေး၊ မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို ဖြေရှင်းခြင်းအစရှိသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်မေဖြူဆွေ နှင့် ရုံးအဖွဲ့မှူး မရွှေရည်လင်းထင်တို့ တက်ရောက်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”617″ display=”basic_thumbnail”]