ပါတီဌါနချုပ်ရဲဘော်များ နှင့် မြင်းခြံစည်းကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်ပါတီဥက္ကဋ္ဌ ဦး​အောင်​မိုး​ဇော်​၊ အတွင်း​ရေးမှူး-၂ ​ဒေါ်နှင်းနှင်​​မွှေးတို့သည်​ ​မြင်းခြံမြို့နယ်​စည်းရုံး​ရေး​ကော်​မတီဝင်​များ၊ ပါတီရဲ​ဘော်​များနှင့် ​တွေ့ဆုံ၍ အစည်း​အဝေး ကျင်းပ​ခဲ့ပါသည်​။ ၁၀-၇-၂၀၁၇ ​နေ့လည်​ပိုင်းတွင် မြင်းခြံမြို့နယ်​ DPNS ရုံး၌ ​တွေ့ဆုံခဲ့ကြခြင်းဖြစ်​သည်​။ ​အစည်းအ​​ဝေး​တွင်​ ပါတီဌာနချုပ်​၏ လက်​ရှိ​ဆောင်​ရွက်​​နေမှုများ၊ ပြည်​တွင်းပြည်​ပ မဟာမိတ်​ဆက်​ဆံ​ရေး အ​ခြေအ​နေများ၊ ၂၀၁၇ အတွင်း ​ဆောင်​ရွက်​မည့် လုပ်ငန်း​​စဉ်​များကို ရှင်းလင်းတင်​ပြခဲ့ပါသည်။ ​မြင်းခြံရဲ​ဘော်​များကလည်း ​ဒေသတွင်းအ​ခြေအ​နေများ၊ ​ဆောင်​ရွက်​ထားရှိမှုများကို ပြန်​လည်​တင်​ပြ​ပေးကာ ​​ရှေ့လုပ်​ငန်းစဉ်​များကို ​ညှိနှိုင်း​ဆွေး​နွေးခဲ့ကြပါသည်​။

[ngg_images source=”galleries” container_ids=”229″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]