ပါတီစည်းရုံးရေးမှူးသင်တန်း (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနား

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ နိုဝင်ဘာ ၂၅။ ဌာနချုပ်ရုံး။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးသင်တန်း အမှတ်စဉ် ၂/၂၀၁၉ ဖွင့်ပွဲကို ၂၀၁၉၊ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ လူထုအတွင်းစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ထက်မြက်တက်ကြွခိုင်မာသည့် ပါတီစည်းရုံးရေးမှူးကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်ပြီး စည်းရုံးရေးမှူးသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် ပါတီခေါင်းဆောင်များက သင်တန်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။ ထို့ပြင် မဟာမိတ်အဖွဲ့အစည်းများဖြစ်ကြသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်၊ ကရင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုတို့ တက်ရောက်အားပေး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။

[ngg src=”galleries” ids=”733″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]