ပါတီစည်းရုံးရေးမှူးသင်တန်း(၂/၂၀၁၉) သင်တန်းသားများ၏ လေ့လာရေးခရီးစဉ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ဒီဇင်ဘာ ၁၂။ ရန်ကုန်။

DPNS ပါတီစည်းရုံးရေးမှူးသင်တန်း(၂/၂၀၁၉) သင်တန်းသားများသည် ဒီဇင်ဘာလ ၁၂ရက်နေ့လည်ပိုင်းတွင် ပါတီတာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့တွင်းလေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်။

လေ့လာရေးအဖွဲ့ဝင်များသည် ပထမဦးစွာ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။ ထိုသို့ သွားရောက်ရာတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့မှ တာဝန်ရှိသူများက လေ့လာရေးအဖွဲ့အား ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ဂူဗိမာန်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် ဒေါ်ခင်ကြည်၊ စုဘုရားလတ်၊ ဦးသန့်တို့၏ ဂူဗိမာန်များ၊ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်ရှိ သပိတ်မှောက်ကျောင်းသားကြီးများ၏ အထိမ်းအမှတ်ကျောက်တိုင်၊ အာဇာနည်ဗိမာန်နှင့် သွေးဆေးကန်တို့သို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။

[ngg src=”galleries” ids=”742″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]