ပညာရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပညာရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲကို ပါတီဌာနချုပ်ရုံး၌ ၂၀၁၉၊ ဇန်နဝါရီ၊ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းလွင်က လက်ရှိပြဌာန်းထားသော အမျိုးသားပညာရေးမူဝါဒအပေါ် အမြင်သဘောထား၊ NNER ၏ ပညာရေးမူဝါဒ၊ နိုင်ငံတကာ ပညာရေးစနစ်များ၊ ကမ္ဘာ့ပညာရေးညီလာခံက ချမှတ်ခဲ့သည့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ပညာရေးအကြောင်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် လူတိုင်းအတွက်ပညာရေး (Education for All) ဟူသည့် သဘောထားခံယူချက်ဖြင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ရှိသင့်သည့် ပညာရေးမူဝါဒတရပ်ကို ဖော်ဆောင်ရာတွင် အခြေခံသင့်သည့်အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”524″ display=”basic_thumbnail”]