ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့အစည်းအဝေး

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၆- ၉- ၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ မကွေးမြို့၌ ၂၀၁၆၊ အောက်တိုဘာလ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည့် NNER ပြည်နယ်နှင့် တိုင်းကွန်ရက်များ၏ ၆ လပတ်အစည်းအဝေးနှင့် ပညာရေးဟောပြောဆွေးနွေးပွဲတို့အတွက်အသေးစိတ်ပြင်ဆင်ရမည့် ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များ စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။