ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့ အစည်းအဝေး (၄.၁.၂၀၁၇)

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၄-၁-၁၇ ရက်နေ့ ညနေပိုင်းက NNER ရုံးခန်း၌ ကျင်းပခဲ့ပါသည်။ ဇန်နဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့သော NNER အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှတ်တမ်းအား ပြန်လည်တင်ပြခြင်း၊ CSO Forum နှင့် NNER ချိတ်ဆက်ဆောင်ရွက်သင့်သည်များ၊ NNER ပညာရေးမူဝါဒဆိုင်ရာ ဖိုရမ်ပြုလုပ်ရေး အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။