ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၆လပတ်အစည်းအဝေး ပထမနေ့သို့တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၆ လပတ်အစည်းအဝေးကို ၁၅-၁၂-၂၀၁၇ ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့ ရေနန်းတောင်ကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ NNER နာယကများ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ကိုယ်စားပြုကော်မတီဝင်များ၊ အလုပ်အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းတာဝန်ခံများ၊ ကျောင်းသားသမဂ္ဂများ၊ ဆက်သွယ်ရေးတာဝန်ခံများ၊ တနင်္သာရီတိုင်းအတွင်းရှိ ပညာရေးလုပ်ငန်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ စုစုပေါင်း ၂၀ဝ ခန့် တက်ရောက်ခဲ့ကြသည်။ NNER ကိုယ်စားပြုကော်မတီဝင်တစ်ဦးဖြစ်သည့် DPNS အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ရေနန်းတောင်ကျောင်းတိုက်ဆရာတော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ပါသည်။ NNER နာယကတဦးဖြစ်သည့် ဆရာကြီးဦးသိန်းလွင်(မခမမ) ဥက္ကဋ္ဌဒေါက်တာသိန်းလွင်တို့က အဖွင့်စကား ပြောကြားပေးခဲ့ကြသည်။ ထို့နောက် အတွင်းရေးမှူးအဖွဲ့၏ အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။ အစည်းအဝေးတက်ရောက်လာသူများက NNER ၌ ပါဝင်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားသာချက်များ စိန်ခေါ်မှုများ NNER အပေါ် ဝေဖန်သုံးသပ်အကြံပြုချက် ရှေ့ဆက်ရမည့်လုပ်ငန်းများအတွက် အကြံပြုချက်များ စသည်တို့ကို အုပ်စု ၇ စုခွဲ၍ ဆွေးနွေးခဲ့ကြပါသည်။ အပိတ်အမှာစကားကို နာယကတဦးဖြစ်သည့် ဆရာစောလားဆေးက ပြောကြားပေးခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”306″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]