နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ညစာစားပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က တည်ခင်းဧည့်ခံသည့် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ ညစာစားပွဲကို ၂၀၁၈ ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆းဝ၀ နာရီမှ ၉းဝ၀ နာရီအထိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညစာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ရေးရာကော်မတီဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံခြားသံတမန်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါညစာစားပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”322″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]