“နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ” ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲ

ပါတီလှုပ်ရှားမှုများ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ်​ လူ့​ဘောင်​သစ်​လူငယ်​က စီစဉ်​ကျင်းပသည့် “နှစ် ၇၀ စာ ငြိမ်းချမ်းရေးဆောင်းအိပ်မက်များ” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးအပေါ် လူငယ့်အမြင်များဆွေး​နွေးပွဲနှင့် ဂီတဖျော်ဖြေပွဲကို ၂၀၁၈၊ စက်​တင်​ဘာလ ၂၁ ရက်​​နေ့က ရန်ကုန်မြို့  Pansodan Scene တွင်​ ပြုလုပ်​ခဲ့ပါသည်​။
ပထမပိုင်း လူငယ့်အမြင်​​ဆွေး​နွေးပွဲတွင် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး ကိုမျိုးစော့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လူငယ်​စွမ်းရည်​မြှင့်တင်​​ရေးသင်​တန်း​ကျောင်းမှ ​ကျောင်​းသူကျောင်းသားများက ”We shall Overcome” သီချင်းကို သီဆိုဖျော်ဖြေခဲ့ကြပါသည်။
ထို့နောက် ”ငြိမ်းချမ်းရေးအပေါ်လူငယ့်အမြင်” စကားဝိုင်းကို ဘီအက်စတာဇယ်နော (Kachin Youth Solidarity)၊ ကိုဇေလင်းမွန် (Yangon Youth Network)၊ Khun Brnard Bote (Karen New Generation Youth)တို့က ​ဦး​ဆောင်​​ဆွေး​နွေးခဲ့ကြပြီး မအိသဉ္ဇာမောင်(YNS)က Moderator အဖြစ် ​ဆောင်​ရွက်​ခဲ့ပါသည်​။
စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ လူငယ်ခေါင်းဆောင်များက တိုင်းရင်းသားဒေသများရှိ စစ်ဘေးဒုက္ခသည်များ၏ အခြေအနေ၊ အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ် အမြင်သဘောထား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များပါဝင်မှုအခြေအနေများနှင့် မြန်မာ့တပ်မတော်၏လူသားမျိုးနွယ်စုအပေါ် ကျူးလွန်ထားသော ရာဇဝတ်​မှုများအပေါ် နိုင်ငံတကာမှ ICC စွဲချက်တင်ထားမှုအပေါ် သဘောထားများကို ဆွေးနွေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယပိုင်း အစီအစဉ်​အ​ဖြစ် ဂီတပွဲအား ဆက်​လက်​ကျင်းပခဲ့ရာ Floke Rose, Brain Trust, Poebe Khun Zaw, Dominant, Zin Linn- Angry Flock, Y.ES Students တို့က အနုပညာဖြင့်​ ဖျော်​​ဖြေခဲ့ကြပါသည်​။

[ngg_images source=”galleries” container_ids=”482″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]