?

နီအောင်မေသု(ခ)ဦးသု ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

ပါတီလှုပ်ရှားမှုများ

ရဲဘော် နီအောင်မေသု(ခ)ဦးသု (၁၉၄၁-၂၀ဝ၂) ကျဆုံးခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၁၇-၉-၁၆ ရက် နေ့လည် ၂းဝ၀ နာရီမှ ၄းဝ၀ နာရီအထိ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၊ သီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနား၏ အဖွင့်အမှာစကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြားခဲ့ပြီး ဦးအောင်မေသု၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ဦးထင်အောင်မှ ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ဦးမြတ်ဆွေ(ကိုးကိုးကျွန်းပြန်)၊ ဦးတင်အောင်(ကိုကိုးကျွန်းပြန်)၊ ကိုဂျင်မီ (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)၊ ဦးခင်ထွန်း(မင်းလှ NLD)၊ ဦးတင်သန်းဦး(နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)၊ ကိုလွှမ်းမိုးအောင်(ဦးအောင်မေသု သား)တို့မှ အမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။