နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

နိုဝင်ဘာ ၆ မှ ၈၊ ၂၀၁၉။ရန်ကုန်။

DIPD ၏ စီစဉ်မှုဖြင့် ရှေ့သို့မြန်မာနှင့် မြန်မာ့ပဉ္စမ မဏ္ဍိုင်တို့ ပူးပေါင်းပြုလုပ်သည့် “နိုင်ငံရေးမဲဆွယ်စည်းရုံးမှုများတွင် လူမှုကွန်ရက်ကို အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ရန်ကုန်မြို့ Sule Shangrila ဟိုတယ်၌ နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့ပါသည်။ နိုင်ငံရေးပါတီများမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူများ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒေါ်နှင်းနှင်းမွှေး နှင့် လူထုဆက်ဆံရေးအဖွဲ့တာဝန်ခံ ကိုသူအောင်တို့လည်း တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
ဖေ့စ်ဘွတ်ခ်၏ ကိုယ်စားလှယ်အဖွဲ့လည်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ပြီး လူမှုကွန်ရက်တွင် ထိရောက်သော မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်နိုင်ရန် နည်းလမ်းများနှင့် အမုန်းစကားနှင့် သတင်းအမှားတို့ကို ရင်ဆိုင်တွန်းလှန်ရန် လိုအပ်သည့် နည်းနာများကို ဆွေးနွေးပြောကြားပေးခဲ့ကြပါသည်။ မြန်မာ့ပဉ္စမ မဏ္ဍိုင်အဖွဲ့ တာဝန်ရှိသူများကလည်း လူမှုကွန်ရက်စာမျက်နှာများ ဖန်တီးခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာနည်းလမ်းများကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”725″ display=”basic_thumbnail”]