နိုင်ငံရေးပါတီများအတွက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

USAID နှင့် International Republican Institute(lRI) တို့ ပူးပေါင်းစီစဉ်သော နိုင်ငံရေးပါတီများအတွက် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို မန္တလေးမြို့ရှိ Hotel Mandalay တွင် ၂၀၁၆၊ စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲ ကြားကာလ နိုင်ငံရေးပါတီများ၏ လုပ်ငန်းနှင့် အခန်းကဏ္ဍတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင်၊ မန္တလေးတိုင်း စည်းရုံးရေးကော်မတီဝင် ဦးဇော်ဝင်း၊ ဦးသန်းထွန်းအောင်နှင့် မန္တလေးတိုင်း လူ့ဘောင်သစ်လူငယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။